(က) မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၆ အရ ဖွဲ့စည်းထားသော တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်ကုန်သည်စက်မှုအသင်းများ၊ နယ်စပ်ကုန်သွယ်ရေးကုန်သည်များ အသင်းများ၊ မြန်မာနိုင်ငံ အဆင့် ဝန်ဆောင်မှုလုပ်ငန်းအလိုက်နှင့် ကုန်ပစ္စည်းအမျိုးအစားအလိုက် ဖွဲ့စည်းထားသော ကုန်သည်စက်မှုအသင်းများ။
(ခ) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဖွဲ့စည်းတည်ထောင်ထားသည့် မြန်မာနိုင်ငံအဆင့် စီးပွားရေးနှင့် သက်ဆိုင်သည့် အသင်းအဖွဲ့များ။
(ဂ) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဖွဲ့စည်းတည်ထောင်၍ တရားဝင်မှတ်ပုံတင်ထားသော တစ်ဦး တည်းပိုင်လုပ်ငန်းများ၊ ကုမ္ပဏီများ၊ ဖက်စပ်ကုမ္ပဏီများ၊ ကော်ပိုရေးရှင်းများ၊ အစုစပ်လုပ်ငန်း များ၊ သမဝါယမ အသင်းများ။
(ဃ) မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသော နိုင်ငံခြားကုမ္ပဏီများနှင့် နိုင်ငံခြားကုမ္ပဏီရုံးခွဲ များ၊ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာကုန်သည်အသင်းများ။
(င) စီးပွားရေးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူ၊အသိပညာရှင်၊ အတတ်ပညာရှင် မြန်မာနိုင်ငံသားများ။
(စ) စီးပွားရေးလုပ်ငန်းတစ်ခုခုကို လုပ်ဆောင်ရန် တရားဝင်မှတ်ပုံတင်ထားသည့် လုပ်ငန်း/အသင်း အဖွဲ့/ကုမ္ပဏီတစ်ခုခုတွင်တာဝန်ထမ်းဆောင်နေသည့် ပုဂ္ဂလိကတစ်ဦးချင်း မြန်မာနိုင်ငံသားများ။
မှတ်ချက်။ ။ အသင်းသားအဖြစ်လျှောက်ထားသူသည် ဥပဒေအရ လူမွဲအဖြစ်လည်းကောင်း၊ အမည်ပျက် စာရင်းဝင် (Black List) အဖြစ်လည်းကောင်း၊ ကြေညာခံရသည့် အသင်းအဖွဲ့/ပုဂ္ဂိုလ်မဖြစ်စေရ။
Back